Posts

မြွေတွေကိုပြန်လွှတ်ပေးချင်ရင် ဘယ်မှာပြန်လွှတ်ပေးရမလဲ (Snake Relocation)

မြွေတွေကိုပြန်လွှတ်ပေးချင်ရင် ဘယ်မှာပြန်လွှတ်ပေးရမလဲ (Snake Relocation) မြွေနှစ်ကောင်ထိပ်တိုက်တွေ့ကြတယ်။  ကိုယ်ကဖမ်းတာပဲဖြစ်ဖြစ်  ကိုယ့်ကိုဖမ်းတာပဲဖြစ်ဖြစ်  ပခြုပ်တစ်ခုထဲ အတူတူပဲဆိုရင်  ဘာများထူးမှာလဲ။ သြော် ရှင်က ဖအေအဖြစ်ကို ကူးပြောင်းသွားတဲ့မြွေပဲ။ တစ်ခါတုန်းကရှင်ဟာ ခွဲစိပ်ဆရာ၀န်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အခုတော့ ကျွန်မကိုခွဲစိတ်ဖို့ သဲအိတ်တွေလို ရှင်ခင်းလိုက်တယ်။  ခွဲစိတ်ခန်းသုံးဓားတွေ ရှင်သွေးနေတယ်။ ရှင်တပ်ပေးခဲ့တဲ့နို့တွေကို ရှင်ပြန်ဖြုတ်တော့မတဲ့။ ကျွန်မမှာ ဆန့်ဆန့်ကြီး။ ရှင့်သမီးဖြစ်ရတာလေ။ ကျွန်မရင်သားကို ရှင်ခွဲစိပ်ကြည့်ရင် တစ်ဖက်က တောင်။ တစ်ဖက်က ရာသီသွေး။ ရှင်နှိုက်ကြည့်လို့ ​​ကြွက်တစ်ကောင်ထွက်လာရင်တော့ ရှင်ကံကောင်းလို့ပဲ။ ရေဒီယိုသတင်းအရ ​ကျွန်မတို့သားအဖကို လူတွေရှာတွေ့တဲ့နေရာနဲ့ မီတာ ၅၀ အတွင်းမှာ ပြန်လွှတ်ပေးရမယ်။ ​ရှင်က အသွားအလာပိုများတဲ့သူမို့ မီတာ ၅၀၀ နဲ့ ၁ ကီလိုမီတာအတွင်းမှာ ပြန်လွှတ်ပေးရမယ်တဲ့။ ဒါပေမဲ့ ကျွန်မတို့နှစ်ဦးစလုံးက ပခြုပ်ထဲမှာပဲရှိပါသေးတယ်။ ​ဖခင်တွေက သမီးတွေအတွက် အန္တရာယ်ရှိတဲ့သတ္တဝါတွေမို့ ရှောင်ကြတဲ့အတွက် ဖခင်နဲ့ထိတွေ့မှုရှိတဲ့နေရာတွေကို ...

ရည်းစားဟောင်းအတွက် မွေးနေ့ဆုတောင်း

ရည်းစားဟောင်းအတွက် မွေးနေ့ဆုတောင်း တော်လှန်ရေးဟာ မုန်တိုင်းတစ်ခုဆို နှင်းဆီဟာ မုန်တိုင်းမျက်စိပေါ့။ မင်းနဲ့ငါဟာ နှင်းဆီရဲ့ယောနိကနေ ပွင့်လန်းလာမယ့် နိုင်ငံတော်တစ်ခုထဲမှာ လက်နက်ကိုင်ပြီး ပုန်းအောင်းမယ်၊ ဒါမှမဟုတ် လက်နက်မဲ့စွာ ပုန်းအောင်းနေမယ့် ပျားပိတုန်းလိုအဖြစ်မျိုးနဲ့ ဝေးခဲ့ကြတာ နှစ်ပေါင်းတစ်ရာ။ အခုဆို နှင်းဆီဖူးလေးဟာ လှုပ်ခတ်လို့လာနေပြီ။ အမျိုးသမီးတစ်ဦးရဲ့ရဲတောက်မှုများနဲ့ နိုင်ငံရဲ့ ပြည်တွင်းစစ်များအကြောင်းကနေ အော့ဇ၀စ်ကနေ ညမကူးဘဲအိမ်ပြန်ရောက်လာခဲ့တဲ့ ကမ္ဘာမကျော်သူ ပိုလန်ဂျူးတစ်ယောက်ရဲ့အကြောင်း ရုပ်ရှင်တွေအထိ သူ့အထဲမှာ မှတ်တမ်းတင်ထားပေါ့။ မင်းနဲ့ငါ့ရဲ့အကြောင်းကတော့ အလွန်သေးငယ်တဲ့ ပုစွန်ဆိတ်ကလေးများ အခန်းကဏ္ဍကနေ ပါ၀င်နေလောက်တယ်။ တော်လှန်ရေးကနေ အိမ်ကိုပြန်ရောက်တော့ ငါ့ရဲ့အချစ်ကို မင်းရဲ့ဝှေးစေ့နဲ့ တိုင်းထွာစကားဆိုပြီး ဒီတော်လှန်ရေးကြီးဟာ ဘယ်လောက်ကြာရှည်နိုင်တဲ့အကြောင်း မင်းတွက်ချက်ပြတယ်။ တကယ်တမ်းကျ ရည်းစားဟောင်းဆိုပေမဲ့ အခုထိမဟောင်းနိုင်သေးဘူး။ နှင်းဆီရဲ့အေးခဲမှုကိုမလိုလားလို့ အာဏာရှင်ဟာ ယမ်းငွေ့တွေသုံးပြီးမီးမွှေးတတ်သလိုမျိုး မင်းနဲ့ငါရည်းစားတွေဖြစ်ခဲ့ကြတဲ့အကြောင်း အမှတ်တရမွေးနေ့ကိတ်...

သူရဲကောင်းများ ယီးလေးခိုကုန်သော အနှီစကြ၀ဠာ၌

သူရဲကောင်းများ ယီးလေးခိုကုန်သော အနှီစကြ၀ဠာ၌ ဒီခေါင်းစဥ်အောက်မှာ ဘာအကြောင်းတွေပါလာလိမ့်မလဲ ခင်ဗျားသိချင်နေပြီဆိုကတည်းက ခင်ဗျားမှာ သူရဲကောင်းတစ်ဦးမှမကျန်ရှိတော့လို့ ဒါမှမဟုတ် ခင်ဗျားသူရဲကောင်းလို့ထင်ခဲ့သူတစ်ဦးဟာ ခင်ဗျားမျက်စိရှေ့မှာပဲ ချေးကားတိုက်သွားလို့ စသဖြင့် ခင်ဗျားကြုံတွေ့ခဲ့ရတာကြောင့် ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကျွန်တော့်ရဲ့သူရဲကောင်းဟာ နတ်မြင်းပျံကြီးစီးပြီး သိကြားမင်းကိုသွားတွေ့လိမ့်မယ်။ သိကြားမင်းနဲ့တွေ့တဲ့အခါ ခင်ဗျားဘာလို့ သေးတွေပေါက်ပေါက်ချရတာလဲဗျာ။ ခင်ဗျားမှာ မယားကြီး ၃ယောက်ရှိနေပါလျက်နဲ့ ဘာလို့သူဇာ့ကို မရရအောင်ယူရတာလဲ။ ဘုရားရှင်ရဲ့ဇာတ်တော်တွေထဲက မကောင်းသူပယ်ကောင်းသူကယ်မယ့်ဦးမာဃဟာ တကယ်ပဲခင်ဗျားလား စသဖြင့် ကျွန်တော်သိချင်နေတဲ့ယုံတမ်းတွေကို သူရဲကောင်းကမေးပေးလိမ့်မယ်။ သိကြားမင်းက အပိုဆုအနေနဲ့ လိုရာမေးစေလို့ ထပ်မိန့်တဲ့အခါ ကျုပ်ကတော့ မဟာသင်္ကြန်အကြိုနေ့မှာ ခင်ဗျားကိုကြိုမိပါရဲ့။ ခင်ဗျားကတကယ်ရောလာလို့လား။ တကယ်လို့ခင်ဗျားလာရင်လည်း ကျုပ်တို့ဘယ်လိုတွေ့နိုင်မလဲလို့ ထပ်မေးလိမ့်မယ်။ သူရဲကောင်းဟာ အပြန်ခရီးမှာ အသူရာတို့ပြည်ကိုလည်း ၀င်ချင်၀င်ခဲ့လိမ့်မယ်။ ကိုယ့်ပြည်ကိုယ်မေ့ရတဲ့အထိ အသူရာတွေ...

အိမ်နားကခွေးဟာ အ အမိမြေ တို့တိုင်းပြည်လို့ သံရှည်ဆွဲအူနေတဲ့အကြောင်း

အိမ်နားကခွေးဟာ အ အမိမြေ တို့တိုင်းပြည်လို့ သံရှည်ဆွဲအူနေတဲ့အကြောင်း ဘာကြောင့်အဲဒီမိန်းမရဲ့ရင်သားတွေက လုံး၀န်းပြီးကြီးထွားနေရတာလဲ။ ဒီမေးခွန်းမျိုးကို ကျုပ်တကယ်မမေးတော့ဘူး။ သူမရဲ့ယောနိထဲမှာ ကျုပ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီလေ။ ဒီမြေကိုသင်တကယ်ချစ်ရဲ့လား။ အမြဲစိမ်းတောအတွက် သင့်ရဲ့ရွာသွန်းမှုက ဘယ်လောက်ရာခိုင်နှုန်းရှိသလဲ။ ကျုပ်ကတော့ သူမရဲ့ယောနိကနေပဲ ဆက်လက်တော်လှန်သွားမှာဖြစ်တယ်။ ညဥ့်နက်ပြီဆို ရာသီစာတွေစားသုံးထားတဲ့ ကျုပ်အိမ်နားကခွေးဘုရင်ကြီးက အ အမိမြေ တို့တိုင်းပြည် ငါတို့ချစ်တဲ့မြေလို့ ထထအူတတ်ပေါ့။ အခုလိုရေတက်ချိန်ဆို ချေးစားခေါင်းတွေအပြည့်ကူးခတ်နေတဲ့ ချေးနိုင်ငံတော်ကြီးထဲ ကျုပ်ရောသူမပါ ဖောလိုးတစ်ချက်လုပ်ပြီး ခွေးအူသံကို ဆက်နားထောင်ဖြစ်တယ်။ ဒီခွေးဘာကြောင့်အူရတာလဲ။ ညဥ့်သန်းခေါင်ယံမှာ ကိုယ်တစ်ပိုင်းမပါရှိတဲ့ နှင်းဆီဦးခေါင်းများဟာ ရွာရဲ့အရှေ့အနောက်ကို ဥဒဟိုဖြတ်သွားလို့နေတယ်။ ဒါကို သူမရဲ့လေးဖက်ထောက်ကြားထဲကနေ သူမရဲ့မျက်နှာကိုကျော်လွန်ပြီး ကျုပ်တွေ့လိုက်ရပေါ့။ ဒါ​ကြောင့်အူတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် တော်လှန်ရေးကနေကျွံထွက်လာတဲ့ အူအခွေကြီးကိုမြင်လိုက်ရလို့ ပလပ်ကျွတ်ပြီးအူတာလည်းဖြစ်နိုင်တယ်။ ...

ဆောင်းဦးလေ

ဆောင်းဦးလေ တစ်ချိန်တုန်းက ကျွန်မဟာ ကြက်တောင်စည်းပဲ။ ကျွန်မအမေရဲ့ကျောက်ပျဥ်ဘေးမှာထိုင်ပြီး ရှင်မတောင်တွေ စားသုံးတယ်။ ကြက်တူရွေးပန်းဟာ မိုးရာသီကို ပြုလုပ်တယ်။ ကျောင်းသွားတဲ့အခါ ခေါက်ထီးတစ်ချောင်းကို ယူသွားတယ်။ အချိန်ရဲ့ယင်းလိပ်ဟာ ကျွန်မကိုမစောင့်ဘူး။ ဆောင်းဦးမရောက်ခင်မှာပဲ ရာသီသွေးဆိုပြီး လှုပ်ခါသွားတယ်။ အမေ့ရဲ့ကျောက်ပျဥ် ကျကွဲသွားတယ်။ ကျွန်မနောက်ပြန်သွားလို့မရအောင် ရင်သားတွေကဆူလာခဲ့ပြီ။ အခုတော့သိပြီ အမေ့ရဲ့ဇာဘော်လီဟာ စူးစိုက်ချင်စရာပဲ။ ရှင်မတောင်ဟာ သူတို့ရဲ့အကြည့်မှာ ထုံအခဲ့။ အတန်းထဲမှာ ခေါက်ထီးဟာ အသုံး၀င်မှုမရှိတော့သလောက်ပဲ။ ကျွန်မအိပ်ရာထဲ အပြာ၀တ္ထုတွေ ရင့်မှည့်လာတယ်။ ကျွန်မတို့ကြားထဲမှာ ချွေးသံရွှဲရွှဲဘီလူးကြီးတစ်ကောင် ရောက်နေပေါ့။ အမေရေ ကျွန်မရဲ့ရာသီသွေးသိုလှောင်ရုံနား  ယောင်လို့တောင်မကပ်ပါနဲ့။ ကျွန်မဟာအခြားတစ်ယောက် ဖြစ်လာနေပြီ။ ကျွန်မဟာ ကျားသစ်တစ်ကောင်ရဲ့ချောင်းမြောင်းခြင်းကို ခံနေရပြီ။ ကျွန်မဟာ တွယ်တက်လို့မရဘူး အမေ့အိမ်ခေါင်းရင်းက လဲမှို့ပင်ကြီးလို ကျွန်မဆံနွယ်ဟာ ဖြောင့်ဆင်း။ ကျွန်မရင်သားဟာ ငွားငွားစွင့်စွင့်။ ကျွန်မတင်ပါးဟာ လှုပ်ချလို့မကျ။ ကျွန်မဟာ အူထုံပွင့်ခွေ။ မာယာတို့ရဲ့...

ကြေမွတွန့်လိပ်

 ကြေမွတွန့်လိပ် အိပ်လို့မရ ညကြီးမင်းကြီး ထပြီးထိုင်နေ လိုအပ်ရင် မြွေတစ်ကောင်လို ကျွန်မတွန့်လိမ်ပြီးနေနိုင်တယ်။ ကျွန်မ မရောက်တဲ့သစ်ကိုင်းတိုင်းကို ကျွန်မရဲ့တိရစ္ဆာန်နံ့က ကြိုရောက်နှင့်တယ်။ "ဒီစာရွက်တွေကို အကောင်းတိုင်းဖြစ်အောင် တစ်ခုချင်းဆက်ခဲ့"၊  ရှင့်ကို တစ်ခုချင်းပြန်ဆက်ဖို့ ကျွန်မ ဘယ်တော့မှ ဖြစ်နိုင်မယ် မထင်ဘူး။ မြစ်တစ်ဆင်းက ထိုးသွင်းလိုက်တဲ့လျှာထဲ ကျွန်မဟာ ငါးမန်းတစ်ကောင် ဖြစ်သွားတယ်။ မြင်ရတဲ့ အတောင်တွေကို ပြည်သူတွေဆီ ပို့ဆောင်ပြီး၊ မမြင်ရတဲ့ ဆောင်းဥတုကို ရှင့်ဆီ ပို့လိုက်တယ်။ ဆောင်းရဲ့လည်ပင်းကို ရေနံတ၀လောင်းချလိုက်တယ်။ အေးစက်ခြင်းအားလုံး လောင်ကျွမ်းပါစေကွယ်။* ဒါက ကျွန်မရဲ့အမြီး။ ဒါက ကျွန်မရဲ့နှုတ်သီး။  ဒါက လူတွေငေးနေတဲ့ ကျွန်မရဲ့ကိုယ်ပေါ်က  သွေးသားလတ်ဆတ်ရေညှိတွေ။ ကျွန်မရဲ့ပူစီဟာ ရှင့်နှုတ်ခမ်းမွှေးကားရားထဲ ဆူရှီလို ကျစ်လျစ်နေတယ်။ ကျွန်မဆံပင်ရဲ့အမြစ်ကနေ တစ္ဆေတစ်ကောင် လျှောကျ​လာတယ်။ ကျွန်မလက်သည်းမှာ လက်သည်းမရှိဘူး။ ကျွန်မခြေသည်းမှာ ခြေသည်းမရှိဘူး။ ကျွန်မအဆုတ်မှာ အဆုတ်မရှိဘူး။ ဒါပေမဲ့ ကျွန်မ လေရှူနေတယ်။ ဒါပေမဲ့ ကျွန်မ လေမရှူဘူး။ ကျွန်မဟာ တစ္ဆေ။ အိပ်ရာတွေလည်း ကြေမွတ...

၁၉၆၈-၁၉၆၉၊ မြဇင် - “ခေတ်ပေါ်ကဗျာ”ကြေညာစာတမ်း

 |၁၉၆၈-၁၉၆၉၊ မြဇင် - “ခေတ်ပေါ်ကဗျာ”ကြေညာစာတမ်း|       မြန်မာကဗျာသမိုင်းတွင် “ခေတ်ပေါ်ကဗျာ” စတင်ပေါ်လာသည့် ကဗျာလမ်းကြောင်းကို အစကောက်လိုလျှင် ဆရာမြဇင်၏ “ခေတ်ပေါ်ကဗျာ”ကြေညာစာတမ်းကို လေ့လာခြင်းဖြင့် စတင်ရပါသည်။ ထိုကဗျာစာတမ်းသည် သပြေညိုကဗျာဝပ်ရှော့မှ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြပြီး ဖြစ်ပါသည်။ ထိုကဗျာဝပ်ရှော့/ကဗျာအလုပ်စခန်းတွင် ပါဝင်လေ့လာသူများမှာ ဆရာမင်းသုဝဏ်၊ ဆရာတင်မိုး၊ ဆရာမြဇင်၊ ဆရာမောင်သာနိုး၊ ဆရာမင်းလှညွန့်ကြူး အစရှိသော ကဗျာဆရာများနှင့် ကဗျာမှုစာမှုတွင် စိတ်ဝင်စားကြသူများ​ဖြစ်ကြောင်း သိရပါသည်။ ကဗျာအလုပ်စခန်း၌ လေ့လာဆွေးနွေးသည့် အကြောင်းအရာများမှာ ဥရောပကဗျာရေစီးကြောင်း၊ ဥရောပခေတ်ပေါ်ကဗျာ၊ ဆိုရှယ်လစ်ကဗျာ၊ အရင်းရှင်ကဗျာ၊ သခင်ကိုယ်တော်မှိုင်း၏ လေးချိုးကြီးများ၊ ခေတ်စမ်းကဗျာ၊ ဗမာကျောင်းသင်ကဗျာ စသည့် ကဗျာဆိုင်ရာအကြောင်းအရာများဖြစ်ကြောင်းလည်း သိရပါသည်။         ထိုသပြေညိုကဗျာဝပ်ရှော့မှ ထွက်ပေါ်လာသော ဆရာမြဇင်၏ “ခေတ်ပေါ်ကဗျာ” ကြေညာစာတမ်း (၁၉၆၈ ခုနှစ်၊ စာဆိုတော်နေ့အခမ်းအနား၊ မန္တလေးဓမ္မဗိမာန်တွင် ဦးစွာဖတ်)ကို ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီ...