မြွေတွေကိုပြန်လွှတ်ပေးချင်ရင် ဘယ်မှာပြန်လွှတ်ပေးရမလဲ (Snake Relocation)
မြွေတွေကိုပြန်လွှတ်ပေးချင်ရင် ဘယ်မှာပြန်လွှတ်ပေးရမလဲ (Snake Relocation) မြွေနှစ်ကောင်ထိပ်တိုက်တွေ့ကြတယ်။ ကိုယ်ကဖမ်းတာပဲဖြစ်ဖြစ် ကိုယ့်ကိုဖမ်းတာပဲဖြစ်ဖြစ် ပခြုပ်တစ်ခုထဲ အတူတူပဲဆိုရင် ဘာများထူးမှာလဲ။ သြော် ရှင်က ဖအေအဖြစ်ကို ကူးပြောင်းသွားတဲ့မြွေပဲ။ တစ်ခါတုန်းကရှင်ဟာ ခွဲစိပ်ဆရာ၀န်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အခုတော့ ကျွန်မကိုခွဲစိတ်ဖို့ သဲအိတ်တွေလို ရှင်ခင်းလိုက်တယ်။ ခွဲစိတ်ခန်းသုံးဓားတွေ ရှင်သွေးနေတယ်။ ရှင်တပ်ပေးခဲ့တဲ့နို့တွေကို ရှင်ပြန်ဖြုတ်တော့မတဲ့။ ကျွန်မမှာ ဆန့်ဆန့်ကြီး။ ရှင့်သမီးဖြစ်ရတာလေ။ ကျွန်မရင်သားကို ရှင်ခွဲစိပ်ကြည့်ရင် တစ်ဖက်က တောင်။ တစ်ဖက်က ရာသီသွေး။ ရှင်နှိုက်ကြည့်လို့ ကြွက်တစ်ကောင်ထွက်လာရင်တော့ ရှင်ကံကောင်းလို့ပဲ။ ရေဒီယိုသတင်းအရ ကျွန်မတို့သားအဖကို လူတွေရှာတွေ့တဲ့နေရာနဲ့ မီတာ ၅၀ အတွင်းမှာ ပြန်လွှတ်ပေးရမယ်။ ရှင်က အသွားအလာပိုများတဲ့သူမို့ မီတာ ၅၀၀ နဲ့ ၁ ကီလိုမီတာအတွင်းမှာ ပြန်လွှတ်ပေးရမယ်တဲ့။ ဒါပေမဲ့ ကျွန်မတို့နှစ်ဦးစလုံးက ပခြုပ်ထဲမှာပဲရှိပါသေးတယ်။ ဖခင်တွေက သမီးတွေအတွက် အန္တရာယ်ရှိတဲ့သတ္တဝါတွေမို့ ရှောင်ကြတဲ့အတွက် ဖခင်နဲ့ထိတွေ့မှုရှိတဲ့နေရာတွေကို ...